တရုတ်နိုင်ငံ၏ ဆားလက်လီလက်ကားဈေးနှုန်း လာမည့်နှစ်တွင် ဖြေလျှော့ပေးမည်

2016-06-22 16:38:15 |သတင်းအရင်းအမြစ် 德宏缅文网

တရုတ်နိုင်ငံအစိုးရအင်တာနက်ကွန်ယက်တွင် 'နိုင်ငံတော်ကောင်စီမှ ဆားလုပ်ငန်း နှင့် ပတ် သက်သော ပြုပြင်ပြောင်းလဲရေးစီမံကိန်းအသိပေးပြဌာန်းချက်' (အတိုကောက် အားဖြင့် 'အသိပေး ချက်'ဟုခေါ်ဆိုပါမည်)ကိုထုတ်ပြန်ခဲ့ပြီး ဆားလုပ်ငန်းကို နေရာသတ်မှတ် ထုတ်လုပ်ခြင်း၊ လက် ကား ရောင်းဝယ်ခြင်းလုပ်ငန်းများကို နောက်ထပ်စစ်ဆေး ခွင့်ပြုခြင်းများ မပြုလုပ်တော့ကြောင်း သိရသည်။ဆားလက်ကားရောင်းဝယ်ရေးလုပ်ငန်းကို သတ်မှတ်ထားသောဧရိယာအတွင်း၌ ရောင်း ချသည့်သတ်မှတ်ချက်ကို ဖျက်သိမ်းလိုက်ပြီး ဆားများကိုထုတ်လုပ်သည့်နေရာမှ ဝယ်ယူခြင်းနှင့် ဇုန်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ခွင့်ပြုခြင်း၊ ပြည်နယ်အဆင့် ဆားလက်ကား ရောင်းဝယ် ရေး လုပ်ငန်းများကို ပြည်နယ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ခွင့်ပြုခြင်း၊ ပြည်နယ်အောက်အဆင့် ဆားလက်ကားလုပ်ငန်းများကို ပြည်နယ်အတွင်းရှိ (ဇုန်ဒေသ၊မြို့) ဧရိယာအတွင်း ကူးသန်း ရောင်း ဝယ်ခြင်းတို့ကို ခွင့်ပြုခဲ့ကြောင်း သိရပါသည်။

  'အသိပေးချက်'တွင် ဆားပြုပြင်ပြောင်းလဲသည့် အစိုးရဈေးနှုန်းသတ်မှတ်စနစ်ကို ဖော်ပြထား ပါသည်။ ဆားစက်ရုံ၊ လက်ကားနှင့်လက်လီ ဈေးနှုန်းများကို ဖြေလျှော့ပေးပြီး လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ ဆား အရည်အသွေး၊ ဈေးကွက်လိုအပ်ချက် အခြေအနေအတိုင်း စ သည့်အချက်များဖြင့် ကိုယ်တိုင်ဈေးနှုန်းသတ်မှတ်ခွင့်များကို ဖြေလျှော့ပေးခဲ့ပါသည်။ အသွင်ကူး ပြောင်းရေးကာလအကောင်အထည်ဖော်မည့်အစီအစဉ်အရ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁) ရက် နေ့မှစတင်၍ ဆားထုတ်ကုန်ဈေးနှုန်းများ အားလုံးကိုဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

  (ကျင်းဟွာနေ့စဉ်သတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။)