China Radio and Television ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ စတုတ္ထမြောက် အခြေခံဆက်သွယ်ရေး

2016-06-22 16:43:10 |သတင်းအရင်းအမြစ် 中华网

၂၀၁၆ ခုနှစ် မေလ (၅) ရက်နေ့က တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဌာနသည် China Radio and Televisionကုမ္ပဏီလီမိတက်ကို 'အခြေခံဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်' ကို ထုတ်ပေးခဲ့ပြီး China Radio and Television ကုမ္ပဏီအား တစ်နိုင်ငံလုံးအတွင်း၌ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်တွင်းဒေတာထုတ်လွှင့် ၀န်ဆောင်မှု လုပ်ငန်း၊ ပြည်တွင်းဆက်သွယ်ရေးအခြေခံ အဆောက်အအုံ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုခဲ့ပြီး ထိုကုမ္ပဏီ၏ကုမ္ပဏီခွဲဖြစ်သော တရုတ် Cable TV Network ကုမ္ပဏီလီမိတက် ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာတွင်း အထက်ပါ အခြေခံ ဆက်သွယ်ရေးလုပ်ငန်း နှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် China Radio and Television ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ စတုတ္ထမြောက် အခြေခံဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီဖြစ်လာခဲ့ကြောင်း သိရပါ သည်။ ကိန်းဂဏန်းဖော်ပြချက်များအရ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ China Telecom ၏ Fixed broadband အသုံးပြုသူဦးရေ (၁၂၀) သန်းရှိပြီး China Unicom ၏ Fixed broadband အသုံး ပြုသူဦးရေ (၇၂) သန်းရှိကာ၊ China Mobile ၏ Fixed broadband အသုံးပြုသူဦးရေ (၆၀) သန်း ရှိကြောင်း သိရသည်။ China Radio and Television ၏ကြိုးမဲ့ အင်တာနက် အသုံးပြု သူဦးရေ(၁၈.၃၈၉) သန်းရှိကာ ယခုနှစ်ပထမသုံးလပတ်အတွင်း အသုံးပြုသူဦးရေ (၂၀) သန်းအထိ တိုးမြင့်ရောက်ရှိခဲ့ပါသည်။ China Radio and Television ကုမ္ပဏီသည်ကြိုးမဲ့အင်တာနက် ဈေး ကွက်တွင် အရေးပါသော ဈေးကွက်အင်အားစုတစ်ရပ်ဖြစ်လာခဲ့ကြောင်း သိရပါသည်။

  (တရုတ်နိုင်ငံ စီးပွားရေးသတင်းcomnews.cn ကောက်နှုတ်ဖော်ပြသည်)