သိန်း ၁၀၀ကျော်တန်ကားများသာ ရန်ကုန်ကားဈေးကွက်အတွင်း အရောင်းအ၀ယ်ဖြစ်နေ

2016-06-23 11:33:00 |သတင်းအရင်းအမြစ် 中华网

ရန်ကုန် ဇွန် ၂၂

အစိုးရသစ်လက်ထက် ကားတင်သွင်းခွင့် မူဝါဒများ ပြောင်းလဲမှုများ ရှိခဲ့ပြီးနောက် ရန်ကုန် ကားဝယ်ရောင်းဈေးကွက်တွင် ကျပ်သိန်း ၁၀၀ကျော်တန် အောက်ကားများသာ ဈေးကွက်အတွင်း အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

“ကားကသွင်းလို့မရတော့ဘူး။ သွင်းရင် ၀င်ငွေခွန်ဆောင်ရမယ်။ ဒါကြောင့် လက်ရှိမှာ အောက်ကားလေးတွေ ၁၀၀၀န်းကျင်ကားလေးတွေအရောင်းအ၀ယ်ဖြစ်နေတယ်။ စလစ်ကားဈေးကွက်ကတော့ ထင်သလောက်မကောင်းသေးဘူး “ ဟု လှိုင်ကားရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းတစ်ဦးဖြစ်သူ ကိုသိန်းထွန်းက ပြောကြားခဲ့သည်။

နံပါတ်အနီများ တင်သွင်းခွင့်ပိတ်ပင်လိုက်သည့်အတွက် Taxi များ အရောင်းအ၀ယ်တက်နေပြီး ၁၅သိန်းခန့်ဈေးမြင့်တက်သွားကြောင်းသိရပြီး Honda Fit၊ ProBox ကားများလည်း အရောင်းအ၀ယ် သွက်လျက်ရှိကြောင်းနှင့် Probox ကားများအနေဖြင့် ယခင် ၁၁၀၀န်းကျင်မှ ယခုအခါတွင် ၁၃၀မှ ၁၅၀အတွင်းအရောင်းအ၀ယ်ဖြစ်နေကြောင်းသိရသည်။

 စလစ်ကားဈေးကွက်တွင်လည်း စလစ်ဈေးများတက်နေသည့်အတွက် ရောင်းချသူများ ဈေးတင်ရောင်းချနေသော်လည်း မူဝါဒအပြောင်းအလဲကို စောင့်ကြည့်နေသည့်အတွက် ၀ယ်ယူသူများ ထင်သလောက်မရှိသေးကြောင်းသိရသည်။

အောင်သော်ဖြိုး