တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၃ ရက်နေ့က တပ်ရှကင့်မြို့၌ ပါကစ္စတန် သမ္မတ ဟူစိန်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ မျက်မှောက်ကာလ၌ တရုတ်-ပါကစ္စတန် ဆက်ဆံမှု အရှိန်ကောင်းမွန်စွာ တိုးတက်နေပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ တိုးတက်နေကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံတကာနှင့်ဒေသရေးရာများ၌ ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ကောင်းမွန်ပါကြောင်း ပြောကြားသည်။
ဟူစိန်ကလည်း၊ ထိုင်ဝမ်၊ တိဗက်၊ တောင်ပင်လယ်ပြဿနာအပေါ် တရုတ်ပြည်၏ မူရပ်တည်ချက်ကို ပါကစ္စတန်က ပြတ်ပြတ်သားသား ထောက်ခံပါကြောင်း ပြောကြားသည်။