ရန်ကုန် ဇွန် ၂၃
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇွန် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁း၄၅ နာရီ တွင် ရောက်ရှိခဲ့ကြောင်း Ministry of Foreign Affairs Myanmar သတင်းစာမျက်နှာဖော်ပြချက်အရသိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့အား
လေဆိပ်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဆောင်သည့်တာဝန်ရှိသူများ၊ သံရုံးမိသားစုဝင်များ ၊ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက ပန်းကုံးဆက်ခြင်း ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံး/ စစ်သံရုံးတို့မှ ၀န်ထမ်းများနှင့်တွေ့ဆုံခြင်း၊ ရုံးအဆောက်အဦသစ်အား ကြည့်ရှုစစ်ဆေးခြင်းတို့ပြုလုပ်ခဲ့ပါသည်။
RT