(၅၃)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲစတင် ကျင်းပ

2016-06-24 16:35:20 |သတင်းအရင်းအမြစ် 中华网

နေပြည်တော်၊ဇွန်-၂၄

ကျောက်စိမ်း၊ကျောက်မျက်၊ပုလဲစုစုပေါင်းအတွဲ(၆၉၃၉)တွဲပါဝင်ခင်းကျင်းပြသရောင်းချသည့် (၅၃) ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင်ယနေ့ (ဇွန် ၂၄ရက်)နံနက်ပိုင်းမှစတင်၍ ပြသရောင်းချနေပြီ ဖြစ်ကြောင်းသိရသည်။

 ယခုပြုလုပ်သည့်၂၀၁၆-ခုနှစ်၊(၅၃)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ပြပွဲတွင် ပုလဲအတွဲ ပေါင်း (၃၆၅)တွဲ၊ကျောက်မျက်အတွဲပေါင်း(၅၁၂)တွဲနှင့်ကျောက်စိမ်းအတွဲ(၆၀၆၂)တွဲစုစုပေါင်း(၆၉၃၉)တွဲကိုတင်ပြ ရောင်းချသွား မည်ဖြစ်ရာ ဇွန်လ(၂၅)ရက်နေ့နှင့်(၂၆)ရက်နေ့များမှာပုလဲအတွဲ(၃၃၈ )တွဲကိုအိပ်ဖွင့် တင်ဒါ စနစ်နှင့်လည်းကောင်း၊ပုလဲအတွဲ(၂၇)တွဲကိုဈေးပြိုင်စနစ်ဖြင့်လည်ကောင်း စုစုပေါင်းပုလဲအတွဲပေါင်း(၃၆၅)ကို ရောင်းချသွားမည်ဟု သိရသည်။

နိုင်ငံတော်နှင့်အကျိုးတူကုမ္မဏီ(၁၇)ခုမှတင်ပြရောင်းချမည့် ကျောက်မျက် အတွဲပေါင်း(၁၄၈)တွဲ၊ ပုဂ္ဂလိကကုမ္မဏီ(၁၅)ခုမှတင်ပြသည့် ကျောက်မျက်အတွဲပေါင်း(၇၉)တွဲ၊ရတနာဆိုင်နှင့်ပုဂ္ဂလိက ကုမ္မဏီ(၂၂)ခုမှ၊ကျောက်မျက်လက်ဝတ်ရတနာအတွဲပေါင်း(၂၈၅)တွဲကိုဇွန်လ(၂၄)ရက်နေ့မှ(၂၆)ရက်နေ့အထိခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

ဇွန်လ(၂၇)ရက်နေ့တွင်ကျောက်မျက်အတွဲ(၃၅၃)တွဲကိုအိတ်ပိတ်တင်ဒါစနစ်အဖြစ်လည်းကောင်း၊ကျန်ကျောက်မျက်အတွဲ(၁၅၉)တွဲကိုဈေးပြိုင်စနစ်အဖြစ်ဖြင့်လည်းကောင်းစုစုပေါင်း၊ ကျောက်မျက်အတွဲပေါင်း (၅၁၂)တွဲကို မဏိရတနာကျောက်စိမ်းခန်းမတွင်ရောင်းချသွားမည်ဖြစ်သည်၊ကုမ္မဏီ (၁၃၃၂)ခုမှတင်ပြသည့် ကျောက်စိမ်းအတွဲပေါင်း(၅၈၂၂)တွဲ၊နိုင်ငံပိုင်ကျောက်စိမ်းအချောထည်(၃၀)နိုင်ငံပိုင် ကျောက်စိမ်းအရိုင်း (၂၀)တွဲ၊ ပုဂ္ဂလိကပိုင်ကျောက်စိန်းအချောထည်(၂၁၀)တွဲ၊ကျောက်စိမ်းမဟုတ်တဲ့အခြား တွင်းထွက်(၈၂) တွဲကိုဇွန်လ(၂၄)ရက်နေ့မှစတင်ခင်းကျင်းပြသွားမည်ဖြစ်ပြီး၊ကျောက်စိမ်းအတွဲ(၅၈၉၆)တွဲကိုဇွန်လ (၂၈)ရက်မှဇူလိုင်လ(၃)ရက်နေ့အထိအိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ကျောက်စိမ်းအတွဲပေါင်း(၁၆၆)တွဲကိုဇူလိုင်လ(၄)ရက်မှ(၆)၇က်နေ့အထိဈေးပြိုင်စနစ်ဖြင့်လည်းကောင်း၊စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း(၆၀၆၂)တွဲကို၊မဏိရတနာခန်းမတွင်တင်ပြရောင်းချသွားမည်ဖြစ်သည်။

အခြေခံဈေးယူရိုငွေ(၄၀၀၀)မှ(နှစ်သိန်း)အထိ သတ်မှတ်သည့်ကျောက်စိမ်းအတွဲများကို အိပ်ဖွင့် တင်ဒါစနစ်ဖြင့် လည်းကောင်း၊အခြေခံဈေးယူရိုငွေ(၂၀၀၀၀၁)ထက်သတ်မှတ်သည့်ကျောက်စိမ်းအတွဲများ ကိုဈေးပြိုင်စနစ်ဖြင့်လည်းကောင်းရောင်းချသွာမည်ဟု သိရသည်။

ယခုပြပွဲတွင်ကြမ်းခင်းဈေးယူရိုတစ်သန်းနှင့်အထက်ကျောက်စိမ်းအတွဲ(၄၈)တွဲပြသရောင်းချသွား မည်ဖြစ်သည်။ ရောင်းချပေးမည့်ကျောက်မျက်ရတနာများမှာကျောက်စိမ်းအရိုင်များ၊ ကျောက်စိမ်းအချောထည် များ၊ကျောက် မျက်ရတနာအရိုင်းများနှင့်ကျောက်မျက်ရတနာအချောထည်များ၊ ကျောက်စိမ်းကျောက်မျက်ပုလဲ တို့နှင့်ပြုလုပ် ထားသောလက်ဝတ်ရတနာများ၊ ကျောက်စိမ်းနှင့်ဆင်တူသောကျောက်များ ရုပ်ထုရုပ်ကြွင်းများ၊ ပုံဆောင်ခဲများ၊ ကျောက်ကပ်ပန်းချီကားများနှင့်ငွေထည်ပစ္စည်းများဖြစ်ပြီးပြည်တွင်ပြည်ပ ရတနာကုန်သည် များအားရောင်ချပေးသွာမည်ဖြစ်သည်။

ယခုပြုလုပ်သောမြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ပြည်တွင်းပြည်ပရတနာကုန်မ္မဏီ(၁၄၂၄)ခုမှရတနာကုန်သည်စုစုပေါင်း(၃၃၈၂)ယောက်တက်ရောက်ခဲ့ပြီးပြပွဲကာလမှာ(ဇွန်လ-၂၄)ရက်မှ(ဇူလိုင်လ-၄)ရက်အထိ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။၏

ဖိုးသားကြီး