၄၇ကြိမ်မြောက်တရုတ်၊လာအို၊မြန်မာ၊ထိုင်းမဲခေါင်မြစ်ပူးတွဲကင်းလှည့်မှုကို ၂၁ရက်နေ့က ယူနမ်ပြည်နယ်ရှစ်ဆောင်ပဏ္ဏားတိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ ကွမ်းလေ့ဆိပ်ကမ်း၌ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအကြိမ်ပူးတွဲကင်းလှည့်ရေး သင်္ဘောများသည် တရုတ်ပြည်ကွမ်းလေ့ဆိပ်ကမ်းမှ လာအိုနိုင်ငံ ဒွတ်က်နီအိုကန်ဆိပ်ကမ်းသို့ ထွက်ခွါပြီး မိမိနိုင်ငံသို့ပြန်လာမည်ဖြစ်ကာ ရေကြောင်းခရီးစုစုပေါင်း၂၅၆ကီလိုမီတာ ရှိကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။