ဘန်ကောက် ဇွန် ၂၄
ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသား များနှင့်တန်းတူ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများပေး ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း)နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ တွေ့ဆုံစဉ် ထိုသို့ပြောကြား လိုက်ခြင်းဖြစ်ပြီး ယင်းအပေါ် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က ပညာရေးအတွက် ဘတ်သန်း ၅၀၀၊ ကျန်းမာရေးကဏ္ဍအတွက် ဘတ်သန်း ၅၀၀ အစိုးရက ချမှတ်ပေးထားပါကြောင်း၊ မြန်မာအလုပ်သမားများ သည်လည်း ထိုင်း အလုပ်သမားများကဲ့သို့ တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းနိုင်ငံ တွင်ရောက်ရှိနေ သည့် မြန်မာ အလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့်များ ရရှိစေ လိုပါကြောင်း၊ ငါးဖမ်း သင်္ဘောများ တွင် ရောက်နေ သည့် မြန်မာ အလုပ်သမား များ လူကုန်ကူးခံရခြင်း၊ နှိပ်စက်ခံရခြင်း မရှိစေရန်လည်း နယ်မြေခံတာဝန်ရှိ ပုဂ္ဂိုလ်များက ကြပ်မတ်ဆောင်ရွက် ပေးစေလိုကြောင်း၊ ထို့ပြင် နှစ်နိုင်ငံနယ် နိမိတ် တိုင်းတာရေး လုပ်ငန်းများ ကိုလည်း ဆောလျင် စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နယ်နိမိတ်ဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံကို ခွဲခြားထားခြင်း မဟုတ်ဘဲ နှစ်နိုင်ငံ အတူတကွ Share လုပ်သည့် နေရာဖြစ်ကြောင်း၊ မည်ကဲ့သို့ ချစ်ကြည် ရင်းနှီးစွာ နေထိုင် သွားမည်ကို နှစ်နိုင်ငံ အစိုးရများ က ဆောင်ရွက် သွားရန် လိုကြောင်း၊ နှစ်နိုင်ငံ ပြဿနာ များကို ဖြေရှင်းရာ တွင်လည်း ညှိနှိုင်းစေ့စပ် ဖြေရှင်း ရန် လိုကြောင်း ပြောကြား သည်။
ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ထိုင်းနိုင်ငံတွင် တရားဝင် လာရောက် အလုပ် လုပ်နိုင်ရန် ထိုင်းအစိုးရက အကူညီပေးသွားမည်ဖြစ်ကြောင်း၊ အလုပ် သမား များ ဒုက္ခ ရောက်သည့်အချိန်တွင် ဆက်သွယ်၍ရမည့် Hot Line ဖုန်းနံပါတ်များပေးသွား မည်ဖြစ် ကြောင်း၊ ဖုန်းများတွင်အသုံးပြုနိုင်သည့် Application များပြုလုပ်၍ ဒုက္ခရောက် ချိန်တွင် အကူအညီတောင်းခံနိုင် ရန် မြန်မာစကားနားလည်သည့် အော်ပရေတာများကို ရွေးချယ်ခန့်ထားပေးသွားမည်ဖြစ်ကြောင်း။
ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသည့် ဒုက္ခသည်များနေရပ်သို့ ပို့ဆောင်ရေး အတွက် လည်း နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက် သွား မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ နေရပ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ အခြေ အနေများကို ဖော်ထုတ်ပေးပြီး သည့်အချိန် တွင် ပြန်လည ပို့ဆောင်ရေးလုပ်ငန်းများကို စတင်သွား မည်ဖြစ် ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးအပါအ၀င် နှစ်နိုင်ငံကုန်သွယ် ရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် အစိုးရချင်းသာမက အခြေခံလူမှုအဖွဲ့အစည်းများအနေဖြင့် လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ထိုင်း နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ ပညာရေး၊ ကျန်းမာရေး ကဏ္ဍ များတွင်လည်း တန်းတူစောင့်ရှောက်မှုရရှိနိုင်ရေး၊ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံ သားများ နေရပ်ပြန်ခေါ် နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးသာမက နှစ်နိုင်ငံ၏ အရေးကြီးသော စီမံကိန်းတစ်ခုဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း များနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားရေး၊ အာဆီယံ မူဘောင် အတိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးအတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တို့ သည် နှစ်နိုင်ငံလက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ယင်းသဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများအရ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများကိစ္စကို နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင် မည်ဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဘ၀လုံခြုံရေး၊ ကျန်းမာရေးနှင့် ဘဝအာမခံချက် အကျိုးခံစားခွင့်များ ပိုမိုရရှိ နိုင် မည်ဖြစ်သည်။
ထို့ပြင်နှစ်နိုင်ငံ သဘောတူညီချက်၌ အလုပ်ခန့်ထားခြင်းဆိုင်ရာသဘောတူ စာချုပ်ပါ ကာလနှင့် သတ်မှတ် ချက်များ ပြီးဆုံးသည့် အလုပ်သမားများ ကို နေရပ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေးလုပ်ငန်း အစီအစဉ်များ ထိရောက်မှု ရှိရေး၊ အလုပ်သမားများ အား ဥပဒေအရအကာကွယ်ပေးမှုများ ရရှိခံစားနိုင်ရေး၊ အလုပ်ခန့် ထားခြင်းအတွက် လက်ခံ သည့်နိုင်ငံ၏ နယ်မြေအတွင်း ၀င်ရောက်လာ သည့်အလုပ်သမားများသည် လူမျိုးနှင့် ဘာသာ၊ ကျား/မ ခွဲခြားမှု မရှိဘဲ တန်းတူညီမျှအပေါ် အခြေခံ၍ မိမိနိုင်ငံသားများနှင့် တန်းတူ အခွင့်အရေး ရရှိစေရေး စသည့်အချက်များ ပါဝင်သည်။
Credit……………………….Myanmar State Counsellor Office