တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများအတွက် အစာရှားပါးသည့် အခက်အခဲကြုံတွေ့နေရ။

2016-06-27 11:04:05 |သတင်းအရင်းအမြစ် 中华网

ရန်ကုန် ဇွန် ၂၅

 တိရစ္ဆာန်မွေးမြူရေး၏ အဓိက တိရစ္ဆာန် အစာများဖြစ်သည့် ပဲဖတ်၊နှမ်းဖတ်များ ရှားပါးခြင်းကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အခက်တွေ့နေရကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေး) အထွေထွေအတွင်းရေးမှူး ဒေါက်တာနေသူရိန်က ဇွန် ၂၄ ရက်က ပြောကြားခဲ့သည်။

“ ပြည်တွင်းမှာ အစာကုန်ကြမ်းရှားလာတဲ့အခါ ပြည်ပက တင်သွင်းတဲ့အခါမှာ ထုတ်လုပ်မှု စရိတ်ပိုတက်တယ်။ ဈေးကျတော့ မတက်ဘဲ အရင်အတိုင်းဆိုတော့ ရေရှည်ရပ်တည်ဖို့မလွယ်ဘူး” ဟု ဒေါက်တာနေသူရိန်က ကဆိုသည်။

လတ်တလောအခြေအနေတွေ ပြည်ပမှ ပဲပုတ်စေ့ဆီစက်များမှ ပဲပုတ်ဖတ်များကိုတင်သွင်းနေရပြီး မိမိနိုင်ငံတွင်း ရရှိနိုင်သည့် ပစ္စည်းများကို မတင်သွင်းခြင်ကြောင်းနှင့် ယခင်ပုံစံအတိုင်း ဆီစက်လုပ်ငန်းများ ပြန်လည် လည်ပတ်ကာ ပဲဖတ်၊နှမ်းဖတ်များရရှိရေး အစိုးရအနေဖြင့်ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

 မြန်မာနိုင်ငံမွေးမြူရေး ကဏ္ဍအနေဖြင့် ဆီစက်များမှ ထွက်လာသည့် ပဲဖတ်၊နှမ်ဖတ်များကို အဓိကထားကာ တိရစ္ဆာန် အစာအဖြစ်အသုံးပြုနေပြီး ဆီစက်လုပ်ငန်း၉၀ရာနှုန်း ရပ်တန့်သွားသည့်အတွက် တိရစ္ဆာန်အစာရှားပါးနေခြင်းဖြစ်ကြောင်းသိရသည်။

အောင်သော်ဖြိုး