ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံထိပ်သီးခေါင်းဆောင်များကောင်စီ၁၆ကြိ

2016-06-27 11:21:37 |သတင်းအရင်းအမြစ် 中华网

၂၄ရက်နေ့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများထိပ်သီးခေါင်းဆောင် များကောင်စီ၁၆ကြိမ်မြောက်အစည်းအဝေးကို ဥဇဘက်စတန်နိုင်ငံတာစ်ကင့်မြို့၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေးအတွင်း သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ထိပ်သီးခေါင်းဆောင်များသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့သည့်၁၅နှစ်အတွင်း ရရှိခဲ့သော အဓိကအောင်မြင်မှုများ၊ နိုင်ငံတကာနှင့်ဒေသတွင်းစိန်ခေါ်မှုသစ်ကို လက်တွဲကိုင်တွယ်ဖြေရှင်းခြင်းနှင့် နယ်ပယ်အသီးသီး၌ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို ဘက်စုံတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ အမြင်းချင်းဖလှယ်ပြီး သဘောတူညီမှုကို ကျယ်ပြန့်စွာ ရရှိခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုအကြိမ်အစည်းအဝေး၌ ရှန်ဟိုင်းစိတ်ဓါတ်ကို ထွန်းကားခြင်း၊ စည်းလုံးညီညွတ်မှုနှင့်အပြန်အလှန်ယုံကြည်မှုကို ခိုင်မြဲစေရန်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံနက်ရှိုင်းစေရန်ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးသောမိန့်ခွန်းပြောကြားခဲ့ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။