တရုတ် လောင်းမတ်ခ်ျ အမှတ်-၇ သယ်ဆောင်ဒုံးပျံ လွှတ်တင

2016-06-27 11:27:50 |သတင်းအရင်းအမြစ် 中华网

စပိန်နိုင်ငံ နိုင်ငံရေးပညာရှင် ဒေါက်တာ ဆိုင်ဂါစ် ကိုစ်က၊ နှစ်ဖက် စေ့စပ်ဆွေးနွေးခြင်း မှသာ တောင်ပင်လယ် အငြင်းပွါးမှုကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု မကြာမီက ဆင်ဟွာသတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

၎င်းက၊ တောင်ပင်လယ် အငြင်းပွါးမှုကို ခုံသမာဓိရုံးက တဖက်သတ် စီရင်ဆုံးဖြတ်မှု မပြုလုပ်သင့်ဘဲ သက်ဆိုင်ရာနိုင်ငံများအကြား နိုင်ငံရေး ဆွေးနွေးပွဲဖြင့် ဖြေရှင်းရေး နည်းလမ်းကို ရှာကြံသင့်ကြောင်း ပြောကြားသည်။