တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၅ ရက်နေ့က ပီကင်း၌ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-ရုရှား ပူးတွဲ ကြေညာချက်၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ နိုင်ငံတကာ မဟာဗျူဟာ တည်ငြိမ်မှု တွန်းအားပေးရေး ပူးတွဲကြေညာချက်နှင့် သတင်းအချက်အလက်နှင့် အင်တာနက် လုပ်ငန်း ဖွံ့ဖြိုးမှု တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကြေညာချက်များကို လက်မှတ် ရေးထိုး ချုပ်ဆိုကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့ ရှေ့မှောက်၌ နိုင်ငံတကာဥပဒေ တိုးမြှင့်ရေး ကြေညာချက်နှင့် စီးပွါးကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံ၊ လယ်ယာစိုက်ပျိုးရေး၊ ငွေကြေး၊ စွမ်းအင်နှင့် မီဒီယာ စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ ၃၀ ကျော်ကိုလည်း ချုပ်ဆိုခဲ့ကြသည်။