တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၅ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
လီခေ့ချန်သည် မျက်မှောက်ကာလ၌ နှစ်နိုင်ငံ ဆက်ဆံမှုနှင့် နယ်ပယ် အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုများကို ချီးကျူးပြောကြားခဲ့သည်။
ပူတင်ကလည်း၊ ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုမှာ ကဏ္ဍစုံ ဖြစ်ပြီး အားကောင်းကာ အလားအလာ ကောင်းမွန်ပါကြောင်း ပြောကြားခဲ့သည်။