ရှီကျင့်ဖိန်သည် တရုတ်-ရုရှား အိမ်နီးချင်းကောင်း ပူးပေါင်းဆောင်ရွက်မှု စာချုပ် ချ

2016-06-27 11:48:16 |သတင်းအရင်းအမြစ် 中华网

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ရုရှား သမ္မတ ပူတင်တို့သည် ၂၅ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်-ရုရှား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် ချုပ်ဆိုခဲ့သည့် ၁၅ နှစ်ပြည့် အထိမ်းအမှတ် အစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်-ရုရှား ဆက်ဆံမှု ပိုမို သာယာလှပသော အနာဂတ်ကို လက်တွဲ တည်ထောင်ကြစို့ ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းလည်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တရုတ်-ရုရှား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် စိတ်ဓါတ်၏ လမ်းပြချက်အရ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုသည် အရှိန်ကောင်းမွန်စွာ ချီတက် လာပြီး နယ်ပယ်အသီးသီး၌ အောင်ကျိုးများ ရရှိခဲ့ကြောင်း ပြောကြားသည်။