နေပြည်တော်၊ဇွန်-၂၇။
ကချင်အမျိုးသားလုံးဆိုင်ရာလူထုဖိုရမ်ပွဲအားလာမည့် ဇူလိုင်(၈-၉)ရက် များ တွင်ကချင် ပြည်နယ်၊မြစ်ကြီးနားမြို့၊မနောကွင်းရှိ ငြိမ်းချမ်းရေး ခန်းမတွင်ပြုလုပ်သွား မည်ဖြစ် ကြောင်းKNCD ဒုဥက္ကဌ ဒေါက်တာM ကောန်လ(နိုင်ငံရေး)မှပြောကြားခဲ့သည်။
ယင်းကချင်အမျိုးသားလုံးဆိုင်ရာလူထုအစည်းအဝေးမှာ ၁၉၄၇ ပင်လုံစာချုပ်ရေးထိုးပြီး နောက်ကချင် အမျိုးသားထုအတွင်းနိုင်ငံရေးနှင့်ဆိုင်သောလူထုအစည်းအဝေးကို နှစ်ပေါင်း (၆၉) နှစ်အတွင်းပထမဆုံးအကြိမ်ကျင်းနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာM ကောန်လ က ဆိုသည်။
၎င်းဖိုရမ်တွင်ကချင်လူမျိုးစုကြီး(၆)ခု၏ကချင်ရိုးရာစာပေယဉ်ကျေးမှုအဖွဲ့များနှင့်မနောကွင်းရိုးရာယဉ် ကျေးမှုကော်မတီတို့ကိုအခြေခံသဖြင့်ကချင်လူမျိုးစုအားလုံးကိုလွှမ်းခြုံ၍ ကချင် ပြည်နယ်တစ် ၀န်းလုံး ကိုယ်စားပြုမှုပြည်စုံကြောင်း၊ ကချင်ပါတီများ၊ကချင်CSOများ၊ကချင်ပြည်နယ်မြို့နယ်အ သီး သီး၏မြို့မိမြို့ဖများ၊ဘာသာရေးဂိုဏ်းပေါင်းစုံများ၏ကိုယ်စားလှယ်များ၊တစ်သီးပုဂ္ဂလကျွမ်းကျင်ပညာ ရှင်များ၊အားလုံး ဖိတ်ကြားမည့်အပြင်ရန်ကုန်၊မန္တလေး၊နေပြည်တော်၊လာရိုး၊မူဆယ်နမ့်ခမ်းတို့မှ ကချင်ပြည်သူများနှင့်ကမ္ဘာအရပ်ရပ်ရှိကချင်လူမျိုးများကိုပါဖိတ်ကြားသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဖိုရမ်တွင်နိုင်ငံရေး၊လုံခြုံရေး၊စီးပွားရေး၊လူမှုရေး၊သဘာဝပတ်ဝန်းကျင်သယံဇာတနှင့်မြေယာစီမံမှု၊အခြား၊စသည့် ကဏ္ဍကြီး(၆)ရပ်ကိုဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၄င်းဆွေးနွေးချက်များမှ ကဏ္ဍကြီး(၆)ရပ်လုံးရှိ ကချင်လူမျိုးများ၏ဆန္ဒအမှန်ကိုဖော်ထုတ်သွားပြီးလူထုမှရွေး ချယ်သော ကိုယ်စားလှယ်(၅)ဦးခန့် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ၎င်းကိုယ်စားလှယ်များကိုထောက်ပံ့ရန်အ တွက်တတ်သိပညာရှင်များ ဖြင့်နည်းပညာအတိုင်ပင်ခံအဖွဲ့ကို(၁၀)ဦးဖြင့်ထပ်မံဖွဲ့စည်းသွား မည်ဖြစ်ကြောင်း၊ယင်းဖိုရမ်အားကချင် မျိုးနွယ်စု(၆)ခု၏စာပေယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်(၆)ဦး၊ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီမှခေါင်း ဆောင်(၁)ဦး၊KNCDမှခေါင်ဆောင်တစ်ဦး၊ပေါင်း(၈)ဦးတို့ဖြင့် သဘာပတိအဖွဲ့မှဦးဆောင်ကြောင်းသိရှိ ရသည်။
ဖိုးသားကြီး