တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ၂၆ရက်နေ့ညက ထျန်ကျင်မြို့၌ ကမ္ဘာ့စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ ကလော်စ် ရှ်ဝတ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်ကြီးချုပ်လီခေ့ချန်က လွန်ခဲ့သည့်၁၀နှစ်အတွင်း နွေရာသီဒါဗို့စ်ဖိုရမ်သည် တရုတ်နှင့်အခြားနိုင်ငံများအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရာတွင် တက်ကြွသောအခန်းဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအကြိမ်ဖိုရမ်သည် စတုတ္တအကြိမ်စက်မှုလုပ်ငန်း တော်လှန်ရေး-ပုံစံပြောင်းလဲရေး အင်အားကိုဆောင်ပုဒ်အဖြစ်ထားကြောင်း၊ သိပ္ပံနည်းပညာတော်လှန်ရေးသစ်နှင့် စက်မှုလုပ်ငန်းပြုပြင်ပြောင်းရေး ခေတ်ရေစီးကြောင်း နှင့်လိုက်လျောညီထွေစေခြင်းသည် နိုင်ငံအသီးသီး၏ စီးပွားရေးဖွဲ့စည်းပုံ ပြောင်းလဲရေးနှင့် အဆင့်တိုးမြှင့်ရေးအတွက် တွေးခေါ်နည်းများကိုတိုးချဲ့ကာ သဘောတူညီမှုရှာကြံ ရရှိရန်အတွက် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။