ဇွန်လ ၂၆ရက်နေ့သည် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဖြစ်သည်။ တရုတ်ပြည်က ဒေသများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။
၎င်းလှုပ်ရှားမှုများတွင် မူးယစ်ဆေးဝါးများ မီးရှိုးဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး ပြစ်မှု ကျူးလွန်မှု ဆိုင်ရာ ဥပဒေ ဗဟုသုတများ ဖြန့်ချိသင်ပေးခြင်း စသည်များ ပါဝင်ကြောင်း၊ ရုပ်ရှင်၊ တီဗီ၊ တေးသီချင်း၊ ပဒေသာကပွဲ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ ဗဟုသုတများ ဖြန့်ချိသင်ပေးခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာ လုပ်ငန်းဌာနများက ၄င်းလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် မူးယစ်ဆေးဝါး များ၏အန္တရာယ် အပေါ် လူအများ၏ အသိအမြင် တိုးပွားစေရန် မျှော်လင့်ကြောင်း ဖော်ပြသည်။ တရုတ် နိုင်ငံတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီရုံး ဒုဥက္ကဋ္ဌ လီရှန်ဟွေက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် လက်ရှိအချိန်က မူးယစ် ဆေးဝါး ပြစ်မှုကျူးလွန်မှု ဆိုင်ရာ တင်းမာရှုပ်ထွေးသည့် အခြေအနေကို ရင်ဆိုင်ရေး အတွက် တရုတ် အစိုးရသည် မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှုများကို ဆက်တိုက် အင်တိုက်အားတိုက် တိုက်ဖျက်မည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် လူငယ်ဦးရေ တိုးပွားလာခြင်း၊ အင်တာနက်နှင့် အချောပို့ခြင်းဖြင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု ပြုလုပ်ခြင်း၊ ဓါတ်ပေါင်း မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးမျိုးသစ်များ အလွဲသုံးစားမှု အပါအဝင် ပြဿနာသစ်များကို ရင်ဆိုင်ဖြေရှင်းရန် အတွက် ဆောင်ရွက် ချက်များကို တက်ကြွစွာ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။