စိန်ခေါ်မှုများကို တစ်ကမ္ဘာလုံး ညှိုနှိုင်းဖြေရှင်းရန် တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

2016-06-28 09:35:33 |သတင်းအရင်းအမြစ် 中华网

ပေကျင်း၊ ဇွန်-၂၇

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခေါ့ချန်က  စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ 

ဝန်ကြီးချုပ် လီခေါ့ချန်က ထျန်းကျင်းတွင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဦးဆောင်သူ အလုပ်အမှုဆောင် ဥက္ကဌ Klaus Schwab နှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၄င်းက နိုင်ငံတကာရှိ စီးပွားရေးများမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခိုနေကြောင်း အလေးအနက်ပြောကြားသွားခဲ့သည်။

 နိုင်ငံတွင်း သို့ ဒေသတွင်း မငြိမ်မသက်မှုနှင့် မရေရာမှုများ စထက်တပိုးတိုးလာခြင်းက ကမ္ဘာ့စီးပွားရေးပြန်လည်နလန်ထူရန်နှင့် ငွေကြေးဈေးကွက်ခိုင်မာရန် အတွက်ထိခိုက်နိုင်သည်ဟု ဆိုသည်။ Schwab မှလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်အနေဖြင့် တရုတ်နိုင်ငံ ၏ပြုပြင်ပြောင်း လဲရေးနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများတွင် မြင့်တင်ဖို့လုပ်ဆောင်ရန် အပြည်အ၀ထောက်ထောက်ခံ ကူညီသွား မည်ဟုပြောကြားသွားခဲ့သည်။ ယခုနှစ် ထျန်းကျင်းတွင် ကျင်းပခဲ့သော နွေရာသီ ဒါးဗို့ဖိုရမ်တွင် နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ စက်မှုတော်လှန်ရေးများ လမ်းကြောင်းအပေါ် အဓိကအာရုံစိုက်ခဲ့ သည်ဟုလည်းသိရသည်။