တရုတ်၊ဂျပန်၊တောင်ကိုးရီးယား လွတ်လပ်သောကုန်သွယ်ရေးဇုန် ၁၀ကြိမ်မြောက် စေ့စပ် ဆွေးေ

2016-06-28 14:45:06 |သတင်းအရင်းအမြစ် 中华网

လပ်သောကုန်သွယ်ရေးဇုန် ၁၀ကြိမ်မြောက် စေ့စပ်ဆွေးနွေးပွဲ ထိပ်တန်း စေ့စပ်ဆွေးနွေးရေး ကိုယ်စားလှယ်များ အစည်းအဝေးကို ၂၇ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ၃နိုင်ငံတို့သည် ကုန်ပစ္စည်းကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး စသည်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

    တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဝမ်ရှိုဝင်၊ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေးရာ စိစစ်ရေး အရာရှိ တာကာမီ ကေအီချီ နှင့် တောင်ကိုးရီးယား လုပ်ငန်း ကုန်သွယ်ရေးနှင့် သယံဇာတ ဝန်ကြီးဌာန ဝန်ကြီးလက်ထောက် ကင်ဟပ်ဒို တို့သည် ကိုယ်စားလှယ် အဖွဲ့ကို အသီးသီးဦးဆောင်ပြီး တက်ရောက်ခဲ့ကြပါသည်။

    တရုတ်၊ဂျပန်၊တောင်ကိုးရီးယား လွတ်လပ်သောကုန်သွယ်ရေးဇုန် စေ့စပ်ဆွေးနွေးပွဲ ကို ၂၀၁၂ခုနှစ် နိုဝင်ဘာလ မှ စတင်ကျင်းပခဲ့ပြီး ယခုအထိ ၁၀ကြိမ်မြောက် စေ့စပ် ဆွေးနွေးပွဲ ကို ကျင်းပလျက်ရှိနေပါသည်။