တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဗဟို ဦးဆောင်အဖွဲ့ ခေါင်းဆောင် ရှီကျင့်ဖိန်သည် ၂၇ ရက်နေ့ ညနေပိုင်းက ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဗဟို ဦးဆောင်အဖွဲ့ ၂၅ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အရင်းအမြစ်များကို စုပေါင်းပြီး ဆန်းသစ်တီထွင်စွမ်းအား ရှင်သန်အောင် ဆောင်ရွက်ရမည် ဖြစကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ပိုမို ထိရောက်စွာ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။