အသက်ဝင်လွန်းလှသည့် 3D လက်ရာများ

2016-06-29 09:45:12 |သတင်းအရင်းအမြစ် 中华网

စပိန် Adventures ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို သင်၏မျက်လုံးထဲတွင်တွေ့ရသည်မှာ ငါးတစ်ကောင်ဖြစ်သည်ဆိုသည်မှာသေချာပါသလား။သူသည်ပန်းချီကားတစ်ခုသာဖြစ်သည်ဆိုပါက သင်မျက်လုံးပြူး သွားမည်လော။စင်္ကာပူအနုပညာရှင်တစ်ဦးမှ3D stack technique ပုံစံဖြင့် ထူးခြားစွာတီထွင်ထားသောယင်းရေနေသတ္တဝါပုံများသည်အလွန်ပင်တူလွန်းလှသည်။တကယ့်ကိုအများနှင့်မတူသော3Dလက်ရာများဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်သူသည်စာ

ရွက်ပေါ်တွင်ရေးဆွဲခြင်းမဟုတ်ပဲသစ်စေးအထပ်များဖြင့်ရေးဆွဲခဲ့ကာယင်းကဲ့သို့အတုများကိုအစစ်နှင့်တူသောလက်ရာများကိုတီထွင်ခဲ့သည်။သူသည်အရင်ဦးစွာထည့်မည့်ပစ္စည်းထဲသို့ကြည်လင်သောသစ်စေးအားထည့်သွင်းပြီးနောက်နှစ်ရက်ခန့်အထိခြောက်သွေ့အောင်ထားပြီးမှငါးဆူး

တောင်အစရှိသည့်ပန်းချီကားအောက်ဆုံးအလွှာရှိအစိတ်အပိုင်းများကိုစေ့စပ်သေချာစွာ ပုံကြမ်းများရေးဆွဲခဲ့သည်။ထို့နောက်မှဒုတိယအလွှာသစ်စေးပေါ်တွင်ရေသတ္တဝါများ၏အဓိက

မဏ္ဍိုင်အားရေးဆွဲပြီးတတိယမြောက်အလွှာပေါ်တွင်အသေးစိတ်အစိတ်အပိုင်းများကိုရေးဆွဲခဲ့သည်။ထိုနည်းဖြင့် ပန်းချီရေးဆွဲခြင်းဖြစ်စဉ်အားလုံးပြီးဆုံးသွားခဲ့သည်။ထိုကဲ့သို့အထပ်ထပ် ရေးဆွဲမှသာ ယင်းကဲ့သို့ အစစ်နှင့်တူသော ရေသတ္တဝါများ၏ လှုပ်ရှားနေသော ပုံစံမျိုးကိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။