ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာသည်၊ မကြာမီက အလည်အပတ် ရောက်ရှိလာသော မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။
ထိုသို့တွေ့ဆုံခဲ့ပြီးနောက် ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌၊ ပရာယွတ်က၊ ထိုင်းနှင့်မြန်မာနိုင်ငံတို့သည်၊ သဘာဝ မဟာဗျူဟာမိတ်ဖက်ဖြစ်ပြီး၊ ၂ နိုင်ငံတို့၏ လုံခြုံရေးနှင့် အကျိုးစီးပွားများသည် တိုက်ရိုက်ဆက်စပ်လျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ ယခုအကြိမ်ထိုင်းခရီးစဉ်သည်၊ ထိုင်း-မြန်မာဆက်ဆံမှုအတွက် အခန်းကဏ္ဍသစ် ကိုဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုအပြင် ပရာယွတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနှင့်သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်းသိရ သည်။