စံချိန်ချိုးမည့် တရုတ်နိုင်ငံ၏ ဖန်ဖြင့်ပြုလုပ်ထားသောကြိုးတံတား

2016-06-29 10:02:14 |သတင်းအရင်းအမြစ် 中华网

ဇူလိုင်လတွင်ဖွင့်လှစ်ရန် စီစဉ်ထားသော တရုတ်နိုင်ငံရှိ ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး ဖန်တံတားကို ဘေးကင်း လုံခြုံရေး အတွက် စမ်းသပ်မှုတစ်ရပ်အနေဖြင့် အလေးချိန်နှစ်တန်ရှိသောကားတစ်စီးကို ဖြတ်သန်းမောင်းနှင်စေခဲ့သည်။၎င်း ဖန်တံတားသည် ဟူနန်ပြည်နယ် ၊ကျန်းကျားကျဲ့မြို့(Zhangjiajie) တွင်ရှိပြီး အရှည် ၄၃၀ မီတာရှိသည်။ မြေပြင်မှ ၃၀၀ မီတာအထက်တွင်ရှိပြီး မတ်စောက်သည့် တောင်ကမ်းပါးနှစ်ခုကို သွယ်တန်းထားသည်။ကားကိုဖြတ်သန်း စေကာ စမ်းသပ်ခြင်းမတိုင်မှီ စေတနာ့ဝန်ထမ်းများကလည်း တူဖြင့်ထုကာ ၄င်းဖန်မျက်နှာပြင်ကိုကြေမကြေ စမ်းသပ်ခဲ့ကြသေး သည်။ တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် China Construction Sixth Engineering Division Corp, LTD ၏ အင်ဂျင်နီယာခေါင်းဆောင် Ma Liang မှ ၄င်းတံတားသည် ကမ္ဘာ့မှတ်တမ်းတင်နိုင်မည့် တံတားတစ်စင်းဖြစ်သည် ဟုလည်းပြောကြားသွားခဲ့သည်။၎င်းကမ္ဘာ့အကြီးဆုံး ဖန်လျှောက်လမ်းတံတားသည် ကမ္ဘာ့မှတ်တမ်း အတော်များများကို စံချိန်ချိုးနိုင်ခဲ့ပြီး လည်ပတ်စရာအကောင်းဆုံးနေရာဖြစ်သည်မှာ လက်ခတ်မလွဲဖြစ်သည်။လာရောက်လည်ပတ်သူများ အနေဖြင့် အရှည်ဆုံးဖန်တံတားကြီးကိုလေ့လာနိုင်ပြီး အမြင့်ဆုံးကြိုးခုန်(bungee jump) ပလက်ဖောင်းမှာလည်း ကမ္ဘာ့အမြင့်ဆုံးဖြစ်သည်။ ၄င်းတံတားကို အလွန်ကောင်းမွန်သည့် ဖန်သား ၃ လွာဖြင့်ပြုလုပ်ထားပြီး အချပ်ပေါင်း ၉၉ ချပ်ရှိကာ ထိခိုက်ပျက်စီး နိုင်သည့် အချပ်များကိုလည်း ဖြုတ်လဲတပ်ဆင်နိုင်သေးသည်။ ၄င်းတံတားကို ဇူလိုင်လကုန်တွင် တရားဝင်ဖွင့်လှစ်သွားမည်ဟုလည်းသိရသည်။