မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးကို မီးရှို့ဖျက်ဆီး

2016-06-29 10:05:37 |သတင်းအရင်းအမြစ် 中华网

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို အထိမ်းအမှတ်ပြုသည့်အနေနှင့် ၂၆-ရက်နေ့နံနက်ပိုင်းတွင် မြန်မာ အစိုးရ ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် မြန်မာ ရဲဌာနမှ အရာရှိများသည် ၄င်း မီးရှိုးဖျက်ဆီးမှုအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ် ကွမ်းမင်းနေ့စဉ်သတင်းစာမှ သတင်းအရသိရပါသည်။

ယင်းသည် ရန်ကုန်မြို့အနေနှင့် ၂၆-ကြိမ် အဖြစ်မူးယစ်ဆေးဝါးကို လူသိရှင်ကြား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး NLDအစိုးရ ဖြစ်လာခဲ့သည်နောက်ပိုင်းတွင် ပထမအကြိမ်မူးယစ်ဆေးဝါးဖျက်ဆီးခြင်းလည်း ဖြစ်ကြောင်းသိရပါသည်။

ယခုအကြိမ် ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများသည် ၁၅-မျိုးရှိပြီး စုစုပေါင်း တန်ဖိုးမှာ ကျပ်ငွေပေါင်း၂၃ဘီလီယံရှိကြောင်းသိရပါသည်။