တရုတ်နှင့်ရုရှား၏ရပ်တည်ချက်သည် တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု၏ အတွင်းသရုပ်ကို နု

2016-06-29 10:13:00 |သတင်းအရင်းအမြစ် 中华网

 ရုရှားနိုင်ငံသမ္မတပူတင်သည် မကြာခင်က တရုတ်နိုင်ငံသို့ ခရီးလှည့်လည်ပြီး တရုတ်နှင့် ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်-ရုရှား နိုင်ငံတကာဥပဒေတိုးတက်စေရေးဆိုင်ရာ ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူဟုန်လေက တရုတ်နှင့်ရုရှားနှစ်ဖက်တို့ ယင်းကြေညာချက်တွင် ဖေါ်ပြသော သဘောထားရပ်တည်ချက်သည် တောင်တရုတ်ပင်လယ်အနုညာတစီရင်မှု၏ အတွင်းသရုပ်ကို နိုင်ငံတကာမိသားစုကြီး သိရှိနားလည်ရန်အတွက် အကျိုးရှိကြောင်း ယမန်နေ့၂၇ ရက်နေ့က ပီကင်း၌ ပြောကြားကြောင်းစီအာအိုင်သတင်းအရသိရသည်။