မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့သည် ယခုနှစ် သြဂုတ်လ နောက်ဆုံးအပတ် အတွင်း ထာဝစဉ်ငြိမ်ချမ်းရေးကို ရည်ရွယ်ထားသော ၂၁ ရာစု ပင်လုံညီလာကို ကျင်းပရန် ၂၈ ၇က်နေ့က နေပြည်တော်၌ သဘောတူညီမှု ရရှိခဲ့ကြောင်း မြန်မာ နိုင်ငံတော် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထိုနေ့တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
မြန်မာ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များတို့ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့သည် ဆွေးနွေးပွဲကျင်းပခဲ့သည်။ အရင် ပင်လုံသဘောတူစာချုပ်ထဲက ပြည်ထောင်စုမှ ခွဲထွက်ခွင့်ကို ယခုအကြိမ် ပင်လုံညီလာခံတွင် မပါဝင်ကြောင်း၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပင်လုံညီလာခံသို့ ပါဝင်ရန် အကြို ပြင်ဆင်ရေး ကော်မတီက ကြိုးပမ်းဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
၂၈ ရက်နေ့က ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သွေးစည်းညီညွတ်ပြီး သွေးကွဲမှုမရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံကို ထူထောင်ဖို့ အစိုးရက ရည်မှန်းထားကြောင်း၊ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်း၊ ညီညွှတ်ရေးကို အခြေခံထားသော ငြိမ်းချမ်းရေးမှသာ တည်ငြိမ်ချမ်းသာသော နိုင်ငံဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။