တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယမန်နေ့၂၈ရက်နေ့က ၂၀၁၆ခုနှစ် နွေရာသီဒါဗို့စ်ဖိုရမ်ကို တက်ရောက်ရန် ပီကင်းသို့ ရောက်ရှိလာသော တောင်ကိုးရီးယားနိုင်ငံတော်ကောင်စီဝန်ကြီးချုပ်ဟွမ်ကျိုအန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည် ဟုတရုတ်သတင်းဌာနမှသတင်းအရသိရသည်။
လီခေ့ချန်က တရုတ်နှင့်တောင်ကိုးရီးယားတို့သည် အိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တောင်ကိုးရီးယားနှင့်ဆက်ဆံရေးကို လွန်စွာအလေးထားပြီး တောင်ကိုးရီးယားနှင့် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ကာ အဆင့်မြင့်ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထား၍ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလို ကြောင်းပြောကြားခဲ့ သည်။
ဟွမ်ကျိုအန်က တောင်ကိုးရီးယားအနေနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို တက်ကြွစွာ ထိန်းသိမ်းပြီး တရုတ်နိုင်ငံနှင့်လက်တွဲပြီး အရှေ့မြောက်အာရှ ငြိမ်းချမ်းတည်ငြိမ်မှု ကို ထိန်းသိမ်းကာကွယ်လိုကြောင်းပြောကြားသည်။