မှန်အိမ်ထဲတွင်ပုန်းနေကာ ကြီးမားသောမိကျောင်းနှင့်ရင်းနှီးစွာနေခဲ့သည့် ကနေဒါမိန်းက

2016-06-30 10:00:06 |သတင်းအရင်းအမြစ် 中华网

Global Times သတင်းဌာန၏ ဇွန်လ ၂၇ ရက်နေ့သတင်းအရ အသက် ၂၆ နှစ်အရွယ်ကနေဒါမိန်းကလေး Franny Plumridge သည်ရေကူးဝတ်စုံအားဝတ်ဆင်၍ ရေအောက်ရှိအလင်းထိုးဖောက်နိုင်သော လှောင်အိမ် ထဲတွင်ပုန်းကွယ်ကာ ၁၇ ပေရှိဧရာမမိကျောင်းတစ်ကောင်နှင့်အနီးကပ်ထိတွေ့ခဲ့သည်။ယင်းမိကျောင်းသည် Franny နှင့်စင်တီမီတာအနည်းငယ်သာကွာဝေးသော်လည်း သူမသည် ကြောက်လန့်ခြင်း မရှိခဲ့ပဲ မိမိအနားမှ ယင်းမိကျောင်းဖြတ်သွားသည်ကိုကြည့်ရှုကာ အလွန်တက်ကြွနေခဲ့သည်။