CRI သတင်းဌာန၏ ဇွန်လ ၂၇ ရက်နေ့သတင်းအရ မက္ကစီကိုအလယ်ပိုင်းမြို့ Tultepec ရှိအလုပ်သမားအုပ်စု တစ်စုသည် အစောပိုင်းကမြေအောက်ရေစီမံကိန်းတွင် အမွှေးရှည်ဆင်ကြီး၏ အရိုးစုတစ်ခုအား တွေ့ရှိခဲ့သည်။ရှေးဟောင်းသုတေသနပညာရှင်များက ဧပြီလမှစတင်တူးဖော်ခဲ့ပြီး ယနေ့ထိတိုင် ခေါင်းပိုင်းနှင့်ဆင်စွယ် တို့သာ တူးဖော်နိုင်ခဲ့ပြီး နှစ်ပေါင်း ၁ သောင်း ၂ ထောင် မှ ၁ သောင်း ၄ ထောင်ကျော်ကဖြစ်နိုင်ကာ သေဆုံးပြီးနောက် တွင် လူတို့၏(ခွဲခြမ်းစားသောက်ခြင်းကို)အလောင်းခွဲကာ အသားယူစားခြင်းကိုခံခဲ့ရသည်။ယင်းအရိုးစုသည် ဆင်ခြေဖုံးလမ်းအနီးရှိမြေအောက် ၂ မီတာအနက်တွင်ရှိပြီး အသက်အရွယ်အားဖြင့် နှစ် ၂၀ မှ ၂၅ နှစ်ခန့်ရှိကာ ရွှံ့နက်ထဲတွင်ရုန်းမထွက်နိုင်သောကြောင့် သေဆုံးရခြင်းဖြစ်မည် ဟုပညာရှင်များကယုံကြည်ကြသည်။အမွှေး ရှည်ဆင်ကြီးသည် ၅ မီတာခန့်ကြီးထွားနိုင်ကာ အလေးချိန်၁၀ တန်ရှိပြီး ရေခဲခေတ်ကတည်းကရှိခဲ့ခြင်းဖြစ် သည်။