ယခုလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည် ချင်တူး လေကြောင်းကုမ္ပဏီပိုင် ARJ ၂၁-၇၀၀ ခရီးသည်တင်လေယာဉ်သည် တရားဝင် ခရီးသည်ပို့ဆောင် ပျံသန်းခဲ့ပြီ ဖြစ်ပြီး ယင်းသည် တရုတ်ပြည် ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်သော လိုင်းခွဲ ခရီးသည်တင် ဂျက်လေယာဉ် ပထမဆုံးအကြိမ် စီးပွါးဖြစ် ပျံသန်းခဲ့ခြင်း ဖြစ်သည်။
၂၈ ရက်နေ့ နံနက် ၉ နာရီကျော်တွင် ARJ ၂၁-၇၀၀ ခရီးသည်တင်လေယာဉ်သည် ချင်တူး လေဆိပ်မှ စတင်ပျံသန်းပြီး ၁၁ နာရီကျော်တွင် ရှန်ဟိုင်းသို့ ချောမောစွာ ဆင်းသက်ခဲ့သည်။
ချင်တူး လေကြောင်းကုမ္ပဏီ တာဝန်ရှိပုဂ္ဂိုလ် ကုန်းကျန်းက၊ ယင်းလေယာဉ်မျိုး သုတေသနပြု ထုတ်လုပ်ရေုးလုပ်ငန်းစဉ်ကို ၂၀၀၂ ခုနှစ် ဧပြီလတွင် နိုင်ငံတော်က ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး လေယာဉ် စင်းရေ ၂၉၄၂ စင်းတို့သည် စုစုပေါင်း ၅၂၅၈ နာရီကြာ စမ်းသပ် ကျံသန်း ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။