ဆူဒန်နိုင်ငံ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့နှင့် အတိုက်အခံပါတီတို့အကြား သဘောတူညီမှုကို စောလျင်စွာ ချုပ်ဆိုပြီး ဒါဖါပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဘက်စုံ ဖြေရှင်းရန် နိုင်ငံတကာမိသားစု တိုက်တွန်းရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံကိုယ်စားလှယ် လျှူကျေးအီးက ၂၉-ရက်နေ့မှာ ပန်ကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရသိရပါသည်။
ထိုနေ့တွင်ပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ကုလသမဂ္ဂနှင့် ဒါဖါဆိုင်ရာ အာဖရိကသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့၏ တာဝန်သက်တမ်းကို တစ်နှစ် ဆက်တိုးမြှင့်စေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။