International Organization for Migrationအဖွဲ့တွင် တရုတ်နိုင်ငံ၏ ပါဝင်ခြင်းကို ကြိုဆိုကြောင်း၊ ဇွန်လ ၃၀ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရိခ်မှတဆင့် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြခဲ့သည်ဟု၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ဒူဂျာရိခ်က တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ IOMအဖွဲ့တွင် တရုတ်နိုင်ငံ၏ ပါဝင်ခြင်းသည် အရေးကြီး တိုးတက်မှုတစ်ခုဖြစ်ကြောင်း၊ ပြောကြားခဲ့ပါသည်။
၃၀ရက်နေ့က ဂျီနီဗါတွင် IOMအဖွဲ့သည် အထူးအစည်းအဝေးကို ကျင်းပခဲ့ရာ၊ တရုတ်၊ ဆော်လမွန်ကျွန်းစုနှင့် တူဗာလူ၏ ပါဝင်ရန်လျှောက်ထားခြင်းကို ခွင့်ပြုသည်ဟု အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း၊ ယခုတွင် IOMအဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၁၆၅ခုရှိကြောင်း၊ သိရပါသည်။