ပြည်တွင်းကို ဗဟိုပြု၍ အင်အား အနည်းငယ်ရှိ မြေငလျင် လှုပ်ရှား

2016-07-04 09:42:50 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်တွင်း စေတုတ္တရာမြို့၏ အ‌နောက်မြောက်ဘက် မိုင် (၂၅) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျ တာစကေး (၄.၄) အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် ၁၆၅ မိုင်ခန့် ကွာဝေးသော နေရာတွင် ဇူလိုင်လ ၂ ရက် မြန်မာ စံတော်ချိန် ၁၁ နာရီခွဲ အချိန်တွင် အင်အား ရစ်ခ်ျတာ စကေး ၄.၄ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)