ပါပူအာနယူးဂီနီ နိုင်ငံ ဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ လာမည

2016-07-04 14:52:06 |သတင်းအရင်းအမြစ် 新华网

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ ပါပူအာနယူးဂီနီ (Papua New Guinea) နိုင်ငံ ဝန်ကြီးချုပ် Peter O’Neil သည် တရုတ်နိုင်ငံသို့ ဇူလိုင်လ ၅ ရက်မှ ၁၀ ရက်အထိ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

O’Neil သည် ၂၀၁၁ ခုနှစ် သြဂုတ်လကစပြီး ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံခဲ့ရသည့်နောက် တစ်နှစ်အကြာတွင် ပြန်လည် ရွေးကောက်ခံခဲ့ရသည်။
၎င်းကို ပါပူအာနယူးဂီနီနိုင်ငံ Highlands ပြည်နယ် တောင်ပိုင်း၌ ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က မွေး ဖွားခဲ့ပြီး အလုပ်သမားနှင့် စက်မှုဆိုင်ရာ ဆက်စပ်ရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ပြည်သူ့ ဝန်ဆောင်မှု ဝန်ကြီး အဖြစ်လည်းကောင်း၊ ငွေကြေးနှင့် ဘဏ္ဍာရေး ဝန်ကြီး အဖြစ်လည်းကောင်း၊ အလုပ်သမား ဝန်ကြီး အဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ (Xinhua)