တရုတ်အနောက်ပိုင်း ကျည်ဆန်ရထားဘူတာရုံ စမ်းသပ်ဖွင့်လှစ်

2016-07-04 15:33:00 |သတင်းအရင်းအမြစ် 国际在线

ဇူလိုင်လ ၁ရက်နေ့ နံနက် ၉နာရီ ၅၃မိနစ်က တရုတ် ရှင်းကျန်း(ဝေဂါ)လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ဝူရူမုချီမြို့မှ ဟာမိမြို့သို့ ပြေးဆွဲသော ကျည်ဆန်ရထားသည် တဖြည်းဖြည်း ထွက်ခွါခဲ့ကြောင်း၊ ယင်းသည် လက်ရှိအချိန်၌ ရှင်းကျန်းတွင်  အတိုင်းအတာအကြီးဆုံး၊ အဆောက်အအုံ ခေတ်အမီဆုံးသော ရထား လမ်းပန်း ဆက်သွယ်ရေး အချက်အချာ စမ်းသပ်ဖွင့်လှစ်သည်ဟု ဖော်ပြကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

ဝူရူမုချီရထားဘူတာရုံသည် ဝူရူမုချီမြို့အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ၂၀၁၃ခုနှစ် ဧပြီလမှ စတင်ဆောက်လုပ်ကာ ပိုးလမ်းမကြီး စီးပွားရေးစင်္ကြန်တစ်လျှောက်ရှိ အရေးကြီး လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းဖြစ်ကြောင်း၊ သတင်းရရှိပါသည်။