သုံးခွမြို့နယ်၌ လေပြင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ခြံစည်းရိုးနှင့် မုဒ်ဦ

2016-07-06 09:04:50 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ နယ် ကုန်းခလာ ကျေးရွာအုပ်စု ရေခလာကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၈ အိမ်နှင့် သစ်ပင်ကြီးငယ်များ၊ စာသင်ကျောင်း ခြံစည်းရိုးနှင့် မုဒ်ဦးပေ ၁၀၀ ခန့် ပြိုလဲခဲ့ကြောင်း အဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇူလိုင်လ ၄ ရက် ညနေ ၆ နာရီခန့်က အဆိုပါ လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ရေခလာကျေး ရွာရှိ ရွာသူရွာသားများနှင့် ကျွဲနွား တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ အဆောက်အအုံ အပျက်အစီးများသာ ဖြစ်ပေါ်ခဲ့သည်။
လေပြင်းတိုက်ခတ်ခံရသည့် ကျေးရွာသို့ သက်ဆိုင်ရာက အကူအညီများပေးအပ် ဆောင်ရွက်လျက် ရှိသည်။ (Xinhua)