ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အဓိက ကျသည့် ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ဇူလိုင်လ ၅ရက်နေ့က မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ယခုလ ၃ရက်နေ့မှစ၍ နေပြည်တော်တွင် မြန်မာအစိုးရသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ပြင်ဆင်ရေး အစည်းအဝေးကို စတင်ကျင်းပခဲ့ ကြောင်း၊ ၅ရက်နေ့ ကျင်းပခဲ့သော အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ အကြား သင့်မြတ်အောင် ဆောင်ရွက်ကြရုံသာမက တိုင်းရင်းသားများ အချင်းချင်း အကြား ပြန်လည် သင့်မြတ်ရေးအတွက်ပါ ဆောင်ရွက်ပေးကြရန် ၎င်းက အလေးထား ပြောကြားခဲ့ပါသည်။
ယင်းအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးမှု အခြေအနေနှင့် စပ်လျဉ်း၍ အကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ရှင်းလင်း တင်ပြ ခဲ့ပါသည်။