ကုလသမဂ္ဂရာသီဥတုပြောင်းလဲလာမှုမူဘောင်ပဋိညာဉ်စာချုပ်ဆိုင်ရာ အတွင်းရေး မှူးရုံးမှ အမှုဆောင်အတွင်းရေးမှူး Christiana Figueresက များသည်ထက်များလာသည့် နိုင်ငံများသည် ယခုနှစ်အတွင်း ရာသီဥတုပြောင်းလဲလာမှုဆိုင်ရာ ပါရီ သဘောတူစာချုပ်ကို အတည်ပြုရန် စီစဉ်နေသောကြောင့် ယင်းစာချုပ်ကို လာမည့် ၂၀၁၇ခုနှစ်တွင် အာဏာတည်နိုင်ဖွယ်ရာရှိကြောင်း ယမန်နေ့ ၅ ရက်နေ့က ပြောကြား ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
၎င်းက ယမန်နေ့ ၅ ရက်နေ့က ဘာလင်မြို့၌ ကျင်းပခဲ့သော ပီတယ်စဘတ်ရာသီဥတု ဆွေးနွေးရေး ဝန်ကြီးအဆင့် အလွတ်သဘောအစည်းအဝေးတွင် ထိုသို့ပြောကြားသွားခြင်း ဖြစ်ပါသည်။