နေပြည်တော် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
နေပြည်တော် ကောင်စီ နယ်မြေနှင့် ကချင်ပြည်နယ် ၊ကယားပြည်နယ် ၊စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဓာတ်အား လိုင်းများကို မီးသုံးစွဲသူ အိမ်ရှေ့ အရောက် ရာနှုန်းပြည့် ဓာတ်အားလိုင်း သွယ်တန်းပေးခဲ့ပြီး အိမ်ထောင်စု ပေါင်း ၃,၃၁၁ တို့ လျှပ်စစ်မီး ရရှိတော့မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ချက်များအား ယနေ့ ဇူလိုင်လ ၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ရက် ၁၀၀ စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၊ ဓာတ်အား ပို့ လွှတ်ရေး အပိုင်း ဆောင်ရွက်ချက်များအား ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်း ထုတ်ပြန်ခဲ့သည်။
ထို့ အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဓာတ်အားခွဲရုံ ၇ ရုံတို့ တွင် ပင်မ ထရန်စဖော်မာများ တိုးချဲ့ တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်း အသစ် တည်ဆောက်ခြင်းများလည်း ဆောင်ရွက် ပြီးစီးခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ရက် ၁၀၀ စီမံကိန်းအရ တပ်ဆင်ရန် လျာထားခဲ့သည့် ၂၀၀ ကေဗီအေ ထရန်စဖော်မာ အလုံးရေ ၁၅၀ အားလုံးကို ဇူလိုင် ၁၀ ရက်တွင် တပ်ဆင် ပြီးစီး သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ အတူ ရေနံ ဓာတ်ငွေ့ ရည် တင်သွင်း သိုလှောင် ရောင်းချခွင့် အတွက် ယာယီလိုင်စင် (ဃ) နှင့် ယာယီလိုင်စင် (င) တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ များနှင့် ပူးပေါင်း၍ ပြည်နယ် တိုင်းဒေသကြီး အသီးသီးရှိ စုစုပေါင်း ၅၈၃ ဆိုင်အား အခမဲ့ ထုတ်ပေးခြဲ့ပီး ကျန်ရှိနေသည့် ဆိုင်များအား အခမဲ့ ထုတ်ပေးရန် ဆက်လက် ဆောင်ရွက်နေကြောင်းလည်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း ဆောင်ရွက် ပြီးစီးမှုများတွင် ဝန်ကြီးဌာနပိုင် ဖြစ်သည့် ရန်ကုန်၊ ပန်းပဲတန်းမြို့ နယ်၊ ကုန်သည်လမ်းရှိ မြေနေရာနှင့် အဆောက်အအုံ ပြင်ဆင်မှုအား တင်ဒါပေးသည့် ကိစ္စကို ဖျက်သိမ်း တင်ဒါခေါ်ယူခြင်းကို ရပ်ဆိုင်း ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
ထိုဆောင်ရွက်ထားမှုများသည် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ/မရှိ ကို ကွင်းဆင်း လေ့လာ မေးမြန်းခြင်းများ ပြုလုပ်ပြီး သတင်း ထုတ်ပြန်နိုင်ရန် အစီအစဉ် ရှိကြောင်း လည်း ယနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)