စစ်ကိုင်းတိုင်းအတွင်းရှိ လေရှီး-ထမံသီကားလမ်း မြေပြို၍ လမ်းပိတ်ဆို့မှု ၁၀ နာရီခန့်

2016-07-08 16:11:17 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် လေရှီး-ထမံသီ ကားလမ်း မြေပြို၍ လမ်းပိတ်ဆို့မှု ၁၀ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

လေရှီး-ထမံသီ ကားလမ်း ၃၈ မိုင် ၄ ဖာလုံ အနီးတွင် နံနက် ၇ နာရီဝန်းကျင်ခန့်က အလျား ၁၅ ပေခန့် မြေပြို၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာမှ မြေပြို၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည့် နေရာသို့ ရှင်းလင်း ဆောင်ရွက်ရာ ညနေ ၅ နာရီခန့်တွင် လမ်းပြန်လည်ပွင့်ကာ ကားများပြန်လည် သွားလာနိုင်ခဲ့သည်။ (Xinhua)