နေတိုး ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်မှုများ ပြုလုပ်

2016-07-12 11:41:47 |သတင်းအရင်းအမြစ် 国际在线

၂ ရက်ကြာ ကျင်းပသော နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးကို ၉ ရက်နေ့ ညနေပိုင်းက ပိုလန်နိုင်ငံ ဝါဆောမြို့တော်၌ ရုပ်သိမ်းခဲ့ကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များသည် အလယ်၊ အရှေ့ဥရောပ၌ စစ်ရေးအင်အား တိုးဖြည့်ရန်နှင့် အိုင်အက်စ် အစွန်းရောက်အဖွဲ့ တိုက်ဖျက်ရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့အား ထောက်ခံမှု တိုးမြှင့်ရန် စသည့်ဆုံးဖြတ်ချက်များကို ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နေတိုး ထိပ်သီးအစည်းအဝေးကို ၈ ရက်နေ့ ညနေပိုင်းက ဝါဆောမြို့၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး နေတိုး အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံ၊ မိတ်ဖက်နိုင်ငံ ၂၆ နိုင်ငံနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် ယခုအကြိမ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။