မလေးရှားနိုင်ငံ Malaya တက္ကသိုလ် တရုတ်ရေးရာ သုတေသနဌာန ဒုဌာနမှူး ဒေါက်တာ ရော်ကျော့ပင်က တတိယဘက်၏ ပါဝင်မှုသည် တောင်ပင်လယ် အခြေအနေ အားနည်းစေပြီး မတည်မငြိမ်ဖြစ်ကာ ခန့်မှန်း၍မရမည်ဖြစ်စေကြောင်း ၁၀ ရက်နေ့က ကွာလာလန်ပူမြို့၌ ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။
ဒေါက်တာ ရော်ကျော့ပင်က ဘက်အသီးသီးတို့သည် တောင်ပင်လယ် ဆောင်ရွက်မှုများအခြေခံမူဆိုင်ရာ ညှိနှိုင်းဆေွးနွေးခြင်းကို အေးအေးဆေးဆေး ဆင်ဆင်ခြင်ခြင် ပြုလုပ်သင့်ကြောင်း၊ ထို့နောက် အဆိုပါ အခြေခံမူများကို အခြေခံပြီး သက်ဆိုင်ပြဿနာများ၏ ဖြေရှင်းရေးမူဘောင်ကို ထူထောင်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။