နိုင်ငံ ပြုပြင် ပြောင်းလဲရေးတွင် လူငယ် ဖွံ့ ဖြိုး တိုးတက်ရေးကို အထူး ဦးစားပေး လ

2016-07-12 12:39:28 |သတင်းအရင်းအမြစ် 新华网

နေပြည်တော် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လူငယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို အထူး ဦးစားပေး လုပ်ငန်းရပ် အဖြစ် ထည့်သွင်းထားရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပသော ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အသက် ၁၀ နှစ်မှ ၁၉ နှစ် အတွင်း အမျိုးသမီးငယ် စုစုပေါင်း ၅ သန်းခန့် ရှိနေပြီး အမျိုးသမီး ငယ်များ၏ အခက်အခဲ နှင့် စိန်ခေါ်မှုများကို ကူညီ ဖြေရှင်း ပေးခြင်းသည် နိုင်ငံ အနာဂတ် အတွက် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။