ထုထည်ကြီးမားသည့် ကုန်း၊ ရေ နှစ်တန်သွား လေယာဉ် တရုတ်က အောင်မြင်စွာ ထုတ်လုပ်နိုင်ခ

2016-07-25 11:39:12 |သတင်းအရင်းအမြစ် 新华网

ကွမ်ကျိုး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ကုန်နှင့် ရေ နှစ်မျိုးလုံးတွင် သွားလာမောင်းနှင်နိုင်သော ထုထည်ကြီးမားသည့် လေယာဉ် တစ်စင်းအား တရုတ် နိုင်ငံက အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး တောမီး ငြှိမ်းသတ်ခြင်းနှင့် ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ လေယာဉ် AG600 အား တရုတ်နိုင်ငံ တောင်ပိုင်း ကျူးဟိုင်မြို့တွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး လေယာဉ် ထုတ်လုပ်မှုဆိုင်ရာ လေ့လာသူများက နိုင်ငံအတွက် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ သည်။

ယင်း လေယာဉ်သည် အများဆုံး တန်ချိန် ၅၃.၅ တန်ဖြင့် သယ်ဆောင်ထွက်ခွာနိုင်ပြီး ကီလိုမီတာ ၄၅၀၀ အထိ အများဆုံး ပျံသန်းနိုင်ကြောင်း နိုင်ငံပိုင် လေယာဉ် ထုတ်လုပ်သူ တရုတ် လေယာဉ်ထုတ်လုပ်မှု လုပ်ငန်း ကော်ပိုရေးရှင်း (AVIC) အရ သိရသည်။

AG600 သည် ကမ္ဘာ့ အကြီးဆုံး ကုန်း၊ ရေ နှစ်တန်သွား လေယာဉ် တစ်စင်းဖြစ်ပြီး ဘိုးရင်း ၇၃၇ အရွယ်အစား ခန့်ရှိကြောင်း AVIC ဒုတိယ အထွေထွေ မန်နေဂျာ Geng Ruguang က ပြောသည်။ (Xinhua)