လီခေ့ချန်သည် နိုင်ငံတကာ စီးပွါးရေး ငွေကြေး အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင်

2016-07-26 09:06:23 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၂ ရက်နေ့က ပီကင်းမြို့ ၌ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယွန်ကင်၊  ကမ္ဘာ့ ရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် လာဂါဒေ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် အာဇေဗေဒို၊ ကမ္ဘာ့လုပ်သားများအဖွဲ့ ဒါရိုက်တာချုပ် ရိုက်ဒါ၊ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့ အတွင်းရေးမှူးချုပ် ဂူရီယာနှင့် ငွေကြေး တည်ငြိမ်ရေး ကောင်စီအဖွဲ့ ဥက္ကဋ္ဌ ကာနေတို့နှင့် ၆+၁ စားပွဲဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

လီခေ့ချန်က၊ နိုင်ငံအသီးသီးတို့နှင့် အဓိက နိုင်ငံတကာ အဖွဲ့အစည်းများသည်  စီးပွါးရေး ဂရိုဘယ်လေဇေးရှင်း ဖြစ်စဉ်ကို ပြတ်ပြတ်သားသား ထောက်ခံပြီး အသွင် မျိုးစုံသော ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒကို ကန့်ကွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ ဘက်အသီးသီးတို့သည် တရုတ်ပြည်စီးပွါးရေးမှာ ကမ္ဘာ့စီးပွါးရေး တည်ငြိမ်ရေးဆိုင်ရာ အကြောင်းရပ် တစ်ခု ဖြစ်သည်ဟု ယူဆကြကြောင်း၊ လွန်ခဲ့သည့်နှစ်က တရုတ်ပြည်၏ ကမ္ဘာ့စီးပွါးရေး တိုးတက်မှုအပေါ် အကျိုးပြုနှုန်းမှာ ၃၀ ရာခိုင်နှုန်း ရှိကြောင်း ပြောကြားခဲ့သည်။