လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့တော်၌ ကျင်းပသော ၄၉ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယမန်နေ့ ၂၅ရက်နေ့က ပူးတွဲကြေညာစာတမ်း ကို ထုတ်ပြန်ခဲ့ရာ၊ တရားဥပဒေစိုးမိုးပြီး လူ့ကိုအရင်းခံအဖြစ်ထားသော အာဆီယံ အသိုက်အဝန်းကို ထူထောင်ရန်အတွက် အာဆီယံအနေနှင့် "အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်၂၀၂၅"ကို ဘက်စုံ၍ ထိရောက်စွာ ဖော်ဆောင်မည်ဖြစ်ကြောင်း အလေးထား ဖော်ပြသည်ဟု၊ ဆင်ဟွာသတင်းအရ သိရပါသည်။
တောင်ပင်လယ်ပြဿနာနှင့်ပတ်သက်၍ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့ ၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို ဘက်စုံပြီး ထိရောက်စွာ ဖော်ဆောင်သင့်ကြောင်း၊ ထိရောက်သော တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှုမူကို အမြန်ဆုံး ရရှိသင့်ကြောင်း၊ ယင်းကြေညာ စာတမ်းတွင် အလေးထားဖော်ပြပါသည်။