တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ၂၆ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့၌ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
အာဆီယံ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေး ဝန်ကြီးများသည် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အောင်ကျိုးရလဒ်များကို ချီးကျူးကြပြီး ယင်းစနစ်၏ အရှေ့အာရှ တပြေးညီဖြစ်စဉ် တိုးမြှင့်ရေးနယ်ပယ်၌ အရေးကြီးကြောင်းကို အတည်ပြုကြသည်။