ဆဋ္ဌမအကြိမ်အရှေ့အာရှထိပ်သီးအစည်းအဝေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဝမ်ယိတက်

2016-07-28 09:06:20 |သတင်းအရင်းအမြစ် 国际在线

ယမန်နေ့၂၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် လာအိုနိုင်ငံဗီယင်ကျမ်း မြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခဲ့သည်။

  ဝမ်ယိက ထိပ်သီးအစည်းအဝေး၏ရေရှည်ဖွံ့ဖြိုးရေးကို အာမခံပေးရန် တရုတ်နိုင်ငံအနေနှင့် မူ၎ချက်ကို စွဲကိုင်ရမည်ဟုယူဆကြောင်း၊ ယင်းတို့သည် ပထမအချက်မှာ ဖိုရမ်၏ဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်ကို စွဲကိုင်ရန်၊ ဒုတိယအချက်မှာ ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ရန်၊ တတိယအချက်က သမားရိုးကျနယ်ပယ်မဟုတ်သောလုံခြုံရေးစိန်ခေါ်မှုကို ပူးပေါင်းရင်ဆိုင်ရန်နှင့် စတုတ္တအချက်က ဒေသတွင်းလုံခြုံရေးမူဘောင်ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် တို့ဖြစ်ကြောင်းပြောကြားသည်။