တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ၂၆ ရက်နေ့က လာအိုင်နိုင်ငံ ဗီယင်ကျမ်းမြို့၌ ကျင်းပသော အာဆီယံအဖွဲ့နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား(10+3) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ရာတွင် အရှေ့အာရှ စီးပွားရေး အသိုက်အဝန်း တည်ထောင်ရေးကို တွန်းအားပေးရန်အတွက် (10+3)နှင့် အခြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးစနစ်များ၏ ဆက်ဆံမှု၊ အာဆီယံအဖွဲ့နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားတို့၏ ဆက်ဆံမှု၊ သမားရိုးကျ အားသာချက်ရှိသော နယ်ပယ်များနှင့် နယ်ပယ်သစ်များ၏ဆက်ဆံမှု အပါအဝင် ဆက်ဆံမှုသုံးမျိုးကို သင့်တော်အောင် ကိုင်တွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။