အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအကြောင်း ဝမ်ယ

2016-07-28 09:22:57 |သတင်းအရင်းအမြစ် 国际在线

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ သက်ဆိုင်ရာ အကြောင်းနှင့် အောင်မြင်မှုများနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်မီဒီယာများအား ၂၆ရက်နေ့က ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နှင့် နိုင်ငံအသီးသီးတို့ အထူးသဖြင့် အာဆီယံနိုင်ငံများ လက်တွဲ ကြိုးပမ်းအားထုတ်ပြီး ယခုအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အောင်မြင်သည်ဟု ၎င်းက ပြောကြားပါသည်။

ယခုအကြိမ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများ အထူးသဖြင့် တရုတ်- အာဆီယံ(၁၀+၁) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ယခုနှစ် စက်တင်ဘာလ၌ ကျင်းပမည့် တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံမှုထားရှိခဲ့သည့် ၂၅နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် လိုအပ်သော ပြင်ဆင်မှု ပြုလုပ်ခဲ့ကြောင်း၊ အာဆီယံအသိုက်အဝန်းအခြေခံပေါ်တွင် အာရှေ့အာရှ စီးပွားရေးအသိုက်အဝန်းကို ထူထောင်ခြင်းမျှော်မှန်းချက်သည် တုန့်ပြန်ထောက်ခံမှုများရရှိနေကြောင်း၊ ၎င်းက ပြောကြားပါသည်။